ပုံပါကျင် နို၀င်ဘာဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက လူငယ်များ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ်အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ထုံထိုင်းစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲမိပါက ဆေးစွဲသည့်အဆင့်အထိ ရောက်ရှိကာ လူတောမတိုးလူရာမဝင်ဘဝမျိုး ရောက်ရှိနိုင်ကြောင်း လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် သိရှိလိုက်နာသင့်သည်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များအကြောင်းကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)