ပင်းတယ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်ခြေရှိ တပေါင်းပွဲကျင်းပရာနေရာ၌ မန္တလေးတိုင်းဒေသကြီးမှ ဆယ့်နှစ်ပွဲ စျေးသည်များက စုပေါင်းစျေးရောင်းပွဲတော်အား နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစျေးရောင်းပွဲတော်တွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်များ၊ ပင်လယ်ဓါးမြ၊ ကြိုးလွဲရထား၊ ကလေးဆော့ကစားကွင်းများ၊ အရုပ်များနှင့် လူသုံးကုန်ပစ္စည်းများ ကံစမ်းမဲဖေါက်ပေးခြင်းစသည့်တို့ပါဝင်ကြောင်းသိရသည်။
အောင်ကိုဦး(ပြန်/ဆက်)