ပုဗ္ဗသီရိ နိုဝင်ဘာ ၁၄
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်း ပေးမှုကိုရပ်ကွက်၊ ကျေးရွာများနှင့်ရုံးများ၊ ဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်မြို့နယ်ဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ(၇၀)ကျော်ကို ငှားရမ်းပေးခဲ့ ကြောင်းသိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်/ ကျေးရွာများနှင့်ရုံး၊ ဌာနများအရောက် လိုက်လံငှားရမ်းပေးခြင်းအပြင် မြို့နယ်ပြည်သူ့စာကြည့် တိုက်တွင်လည်း မည်သူမဆို အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်းသိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)