သာကေတမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သာကေတ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသားလူငယ်များမှ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ်(၃၇)ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုရဲမှူးဦးအောင်ဇော်ထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်လူငယ်များအသင်း (Youth Club)(နာယက) ဒေါက်တာအောင်ကိုဦးမှ လူငယ်နှင့်ကျန်းမာရေးရေးဆိုင်ရာများအားလည်းကောင်း ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုစီးဌာနတိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေမှ တိုင်းရင်းဆေးပညာဆိုင်ရာများအားလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်လူငယ်ရေးရာဟောပြောပွဲ တက်ရောက်ကြသည့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)