မိုင်းခတ်မြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

မိုင်းခတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလနှင့် မိတ္တဗလဖွံ့ဖြိုးရေးအကြောင်း၊ လူငယ်နှင့်မူးယစ်‌ဆေးဝါးအကြောင်း အသိပညာ‌ပေးဟောပြောပြီး တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) မှ ကျောင်းသားကျောင်းသူလေးများက မိမိကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)