ဒဂုံမြောက် နိုဝင်ဘာ ၁၄
နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် ကျောင်းသားကျောင်းသူ လူငယ်လေးများ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးကျော်မိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ ပရိတ်သတ်ရှေ့မှာ ပြောရဲဆိုရဲရှိစေရန်နဲ့ စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးမှုများရရှိပြီး ပူပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်မာစမ်းတို့က ဆောင်ရွက်ခဲ့ပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်မှ မကေသွယ်ဦး၊ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် ခေါင်းစဉ်ဖြင့် မရွှေရည်ရွမ်းလက် လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် မရင်ခွင်ဦး၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် မခြူးရွှေစင်ခန့်၊ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် မစုလဲ့နိုင်၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် မနော်ဂျင်းနီတို့မှ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည့် အကြောင်းအရာခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးမှ စကားဝိုင်းတွင် ဆွေးနွေးပေးသော ကျောင်းသား၊ ကျောင်းသူလေးများအား မှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကျော်က ယခုလို လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် များစွာအကျိုးကျေးဇူးရရှိကြောင်း၊ စကားဝိုင်းများကျင်းပပေးခြင်းဖြင့် လူငယ်များ အသိပညာဗဟုသုတများနဲ့ ပြည့်စုံလာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ