ပြင်ဦးလွင် နိုဝင်ဘာ ၁၄
ပြင်ဦးလွင်မြို့တွင် ယနေ့နံနက် ၉ နာရီ ၄၀ မှစ၍ ရပ်ကွက်ကြီး (၁၂)၊ ရေချမ်းအိုးကျေးရွာနေသူ ဦးခိုင်ဇော်နှင့် ပေါက်ကိုယ်တော် ဉူးအရိယာဝံသတို့မှ ဦးဆောင်၍ စစ်မှုထမ်းဟောင်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဝန်းရံသူများ၊ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်/ကျေးရွာများမှ တပ်မတော်ချစ်မြတ်နိုးသူများနှင့် ရွာသူ/ ရွာသားများ စုစုပေါင်းအင်အား (၁၅၀၀) ဦး ခန့်တို့သည် NCA ကိုဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် အကြမ်းဖက် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ခရိုင်အားကစားကွင်းမှ စတင်ကာ ပြုလုပ်ခဲ့သည်။
အဆိုပါ အားပေးထောက်ခံပွဲတွင် “တပ်နှင့်ပြည်သူ အတူတူ သွေးခွဲလာသူ ဒို့ရန်သူ”၊ “KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့်အကြမ်းဖက် PDF များအား ဆန့်ကျင်ကြ”၊ “တရားဉပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး”၊ “ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းပါစေ”၊ “နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ”၊ “တပ်မတော်အင်အားကို ချိုးနှိမ်မှုမှန်သမျှ ချေးမှုန်းကြ”၊ “စွန့်လွှတ်စွန့်စား တပ်မတော်သားများအောင်မြင်ပါစေ”၊ “နယ်မြေတည်ငြိမ်အေးချမ်းရေး ဒို့အရေး”၊ “ပြည်သူတို့၏ အကျိုးအမှန်ဖော်ဆောင်သည့် တပ်မတော်ကို ထောက်ခံပါသည်”၊ “တပ်နှင့်ပြည်သူ လက်တွဲကူ ပြည်ထောင်စု ဖြိုခွဲသူမှန်သမျှ ချေးမှုန်းကြ”၊ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်၍ ထောက်ခံပါသည်”၊ “မြန်မာ့တပ်မတော်အား အပြည့်အဝထောက်ခံပါသည်”၊ “အစဉ်အလာ ကောင်းတဲ့တပ်မတော် ဒို့တပ်မတော်”၊ “ဥပဒေနှင့်အညီ ဆောက်ရွက်သော တပ်မတော်အား ကြိုဆိုပါသည်”၊ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အောင်ရမည်”နှင့် “အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပေးသော တပ်မတော်အား ထောက်ခံပါသည်” စသည့် စာသားများပါဆိုင်းဘုတ်များအား ကိုင်ဆောင်၍ တပ်မတော်ထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပန်းမြို့တော်