မိုးနဲမြို့နယ် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မိုးနဲ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်းမှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်းကို နောင်ကျော့ရပ်ကွက် အမှတ် (၄) အခြေခံပညာအလယ်တန်း ကျောင်းခွဲခန်းမနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊အခြေခံပညာ‌ကျောင်းများမှ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ ကျောင်းသား/သူများ လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့် တစ်ဦးအသိပညာ အတွေ့အကြုံဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ  မစန်းစန်းဝင်းက လူငယ်နှင့်ပညာ ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ အအိမ့်သန္နာခင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း ၊မောင်ရှိုင်းကိုကိုအောင်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်း‌ဖွေးဟွမ်ငင်းက လူငယ်နှင့်တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုင်းဘုန်းမြင့်မြတ်က လူငယ်နှင့်စိတ်ထားအလှခေါင်းစဉ်ဖြင့်လည်းကောင်း  ဆွေးနွေးပေးခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦစဝ်ကျော်ကျော်က  ကျေးဇူးတင်စကားပြောကြား ခဲ့သည်။

အဆိုပါစကားဝိုင်းသို့ ကျောင်းသား/သူ ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ချိတ်ဆွဲပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်ကိုတက်ရောက်လာသော ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ