သုံးခွ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၆ A၊ ဦးပိုင်အမှတ် ၁၅/၂ တောင်သူ ဦးမောင်မြင့်၏ မိုးစပါးစံပြစိုက်ခင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးမောင်မြင့်၏ လယ်ဧက၌ ရိတ်သိမ်းရာ မော်ဘီ(၃) မိုးစပါးအထွက်နှုန်းမှာ စပါးအစိုထွက်နှုန်းတစ်ဧကလျှင် ထွက်နှုန်း(၁၀၂)တင်း၊ အခြောက်(၉၂)တင်းထွက်ရှိကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၅၃၆၄ )ဧကရှိပြီး ယနေ့ထိရိတ်သိမ်းပြီးဧက (၉၇၅၁၃) ရှိကြောင်း သိရသည်။
မိုးစပါးရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)