မိုင်းဆတ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြက်စေရန် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားလှုပ်ရှားကစားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုဖွံ့ဖြိုးကာ စာရိတ္တစွမ်းရည်များ မြင့်မားတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ရာ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသားများက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့်အသင်းအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)