ဆီဆိုင် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပညာရေးမှူးရုံး၊ ဟိုပုံးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမများ အား Grade-5 (သင်ရိုးသစ်) စာမေးပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်၍အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမ(၅၀၀)ဦးတို့အား သင်တန်းနည်းပြဆရာ(၈)ဦးက တစ်ရက်ကြာဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)