လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

လှည်းကူး နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည်းကူး​မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် တာဝန်ရှိသူတို့က စခန်းကြီးကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယ(၃) ပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)