မက်မန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြသခဲ့သည်။
အဆိုပါစာအုပ်ပြပွဲတွင် လူငယ်များအသိပညာဗဟုသုတရရှိစေအတွက် အထွေထွေဗဟုသုတစာအုပ်များ၊ သင်ထောက်ကူစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မွေးမြူရေးဆိုင်ရာ စာအုပ်များ၊ ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ တက်ကျမ်းစာအုပ်များ၊ စာရေးဆရာ ပီမိုးနင်း၏ စာအုပ်များ၊ စာရေးဆရာ အောင်သင်း၏ စာအုပ်များ၊ တိုင်းရင်းသားရိုးရာစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များကို ပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)