ဗိုလ်တထောင်မြို့နယ်တွင် Bow ကလစ်ပြုလုပ်နည်းသင်တန်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဗိုလ်တထောင် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ Bow ကလစ်ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက Bow ကလစ်ပြုလုပ်ရာတွင် အသုံးပြုရမည့် ပစ္စည်းအမျိုးအစားများနှင့် ပြုလုပ်ပုံပြုလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူစုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်ရုံးမှပြသထားသော သုတ၊ ရသ၊ မဂ္ဂဇင်းစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ဆရာမများက စိတ်ပါဝင်စားစွာ​လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြတ်ဖူးခင် (ပြန်/ဆက်)