သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါသင်္ချာစွမ်းရည်ပြိုင်ပွဲတွင် အမှတ် (၃) အခြေခံပညာအထက်တန်း Grade (9) မှ ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင် နှုတ်မေးနှုတ်ဖြေဖြင့် မေးခွန်းများကို တစ်ဦးလျှင် (၈) မျိူးခန့်မေးမြန်းဖြေကြားခဲ့ပြီး အဖြေမှန်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူထုအခြေပြုဗဟိုဌာန၌ လစဉ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များဖြင့် ပြိုင်ပွဲများ စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)