ကျောက်တံတားမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတား နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပသည်၊၊

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမြင့်စိန်က “မြို့နယ်ကထိန်ပွဲတော်ကျင်းပရေး၊ ကျောက်တံတားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အထွေထွေလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်၊၊

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  သီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊

မြို့နယ် (ပြန်ဆက်)