ကျောက်တလုံးကြီး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုံဆွေပင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်နန်းနွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ (၇၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးသည်။
(HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကလေးငယ်များပုံမှန် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် အမျိုးသမီးငယ်များအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး စောလျင်စွာထိုးနှံထားခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း