မြင်းခြံမြို့၌ ခရိုင်အဆင့်အားကစားသမားရွေးချယ်ပွဲကျင်းပ

မြင်းခြံ နိုဝင်ဘာ ၁၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့်အားကစားသမားများရွေးချယ်ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြင်းခြံမြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်းများမှာ ဘောလီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပိုက်ပျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘောလုံးပြိုင်ပွဲများဖြစ်ပြီး အခြေခံပညာကျောင်းများမှ အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအသီးသီးမှ ထူးချွန်အားကစားသမားများကို ရွေးချယ်ပြီး တိုင်းအဆင့်ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံခရိုင်(ပြန်/ဆက်)