တန့်ယန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ (၂၀) ကြိမ်မြောက် ကထိန်သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည့် ကထိန်အလှူတော်မင်္ဂလာပွဲကြီးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မာဌာနစရိယဘဒ္ဒန္တသုခမိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြသည်။
ယင်းနောက် မြို့နယ်သံဃာ့နာယကဥက္ကဌ ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောလိယနှင့် ဆရာတော်ကြီးများအား ကထိန်သင်္ကန်းအလှူရှင်များဖြစ်ကြသော လုံးကျောက်မိန်း + ပါလင်း(မိသားစု)၊ ဆရာမ ပါနွန်း(မိသားစု) ၊ ဆရာမ ဒေါ်နန်းခမ်းမိုင် နှင့် အလှူရှင် အသီးသီးတို့က ကထိန်သင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)