တာချီလိတ်မြို့၌ ရှမ်းတိုင်းရင်းသား ဓလေ့ရိုးရာမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြိုနယ်အတွင်းရှိ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ဟောင်းလိတ်၊ ပါဆပ်နှင့် ဝိန်ကျောက်ရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားတို့၏ တစ်နှစ်တစ်ခါကျင်းပမြဲဖြစ်သော ရှမ်းရိုးရာ မဟာဘုံကထိန်ပွဲတော်ကြီးအား ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် အလှူရှင်များက သင်္ကန်းပရိတ်အက္ခရာများ၊ လှူဖွယ်ဝတ္ထုများ၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်များကိုင်ဆောင်ကာ  ခြေလျင်လမ်းလျှောက်၍ မြို့တွင်းစီတန်းလှည့်လည်ပြီး သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာ တရားများ နာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)