ရမည်သင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ရမည်းသင်း နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ကျောင်းသူလူငယ်များအား အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်အဆင့် ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် သိမ်ကုန်းနတ်စင် မူလတန်းကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၄)ဦးတို့မှ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမျိုးသားအောင်ပွဲနေ့၌ ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)