ပင်းတယ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေတွင် တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာရရှိသော တောင်ပေါ်ဒေသဖြစ်၍ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ပန်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
ယခုလက်ရှိ ပင်းတယမြို့နယ်၌ ပန်းနှမ်းဆီ ဆယ်ပိဿာတစ်ပုံးလျှင် ကျပ် (၁၇၀၀၀ဝိ/-)မှ ကျပ်(၁၈၀၀၀ဝိ/-)ထိ ရရှိနေကြောင်းသိရပြီး၊ အဆိုပါဒေသတွင် နေထိုင်ကြသူများမှာ ဒေသရိုးရာ အစားအစာများဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်လုပ်ငန်းအပြင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ ၊ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တို့ကို တနိုင်တပိုင်စီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး၊ အိမ်တွင်းမှုရိုးရာ လက်မှုပညာဖြစ်သော ထီး၊ ခမောက်၊ ရှမ်းစက္ကူလုပ်ငန်းများကိုလည်းလုပ်ကိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)