ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က   ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်အတွက် သုတ၊ ရသစာအုပ် စာပေများကို လေ့လာဖတ်ရှု့စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ စာဖတ်ခြင်းဆိုင်ရာများ၊ စာပေဖတ်ရှု့ခြင်းဖြင့် အမှား၊ အမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး  အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတက်စေရန်ရည်ရွယ်၍  ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး “လူငယ်များ၏ တန်ဖိုး” နှင့် “အလိမ္မာ ကိုယ်မှာရှိ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)