လွိုင်လင်မြို့တွင် အခြေခံပညာအလယ်တန်းအဆင့် ( Grade-9) စာမေးပွဲဆိုင်ရာနှင့် သင်ရိုးသစ် မေးခွန်းပြုစုခြင်းဆိုင်ရာ ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လွိုင်လင် နိုဝင်ဘာ ၁၃

အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) စာမေးပွဲဆိုင်ရာနှင့် သင်ရိုးသစ် မေးခွန်းပြုစုခြင်းဆိုင်ရာ ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား/သူများက မြတ်ဆရာသီချင်း သီဆို၍ ဖွင့်လှစ်ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်ခင်သက်မူက (Grade -9) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ယင်းနောက်  (Grade-5) မေးခွန်းပုံစံများတွင် ထပ်မံဖြည့်စွက်သည့် အချက်အလက်များကို တင်ပြခြင်းကို ဆောင်ရွက်ပါသည်။ ဆက်လက်၍ (Grade-9) မေးခွန်းပုံစံများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်တင်ပြခြင်းတို့ကို ဆောင်ရွက်ကြရာ ဒုတိယညွှန်ကြားရေးမှူးက ရလဒ်အနှစ်ချုပ်များ မှာကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်မြို့နယ်များမှ အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများနှင့် အလယ်တန်းပြဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်