ညောင်ဦး နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း မင်းနန်သူကျေးရွာ မြောက်ဘက်ကပ်လျှက် စောလှဝန်းဂူဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော် အားဖူးမြှော်ပြီး သစ်ပင်ပုံများ ရေးဆွဲထားသည့် နံရံပန်းချီများနှင့် အဝိုင်းပုံများအတွင်း ဗုဒ္ဓပုံများ ရေးဆွဲထားသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။
စောလှဝန်းဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွားကားလမ်းမအတိုင်း မင်းနန်း သူကျေးရွာမြောက်ဘက် ကပ်လျက်တည်ရှိသည်။ အရှေ့ဘက်မုခ်လှည့် လိုဏ်နှစ်ဆင့်ဂူဘု ရားတစ်ဆူဖြစ်ကာ အပေါ်ထပ်သို့ တက်ရန် လှေကားပါရှိသည်။ ဂူဘုရားအတွင်းတွင် အရပ် လေးမျက်နှာလှည့် ထိုင်တော်မူဆင်းတုတော်များ ပလ္လင်တော်ပေါ်တွင် ဖူးတွေ့နိုင်ပြီး အရှေ့ဘက်မုခ်မှသာ ဝင်ရောက်နိုင်သည်။ စောလှဝန်းဂူဘုရားကြီးကို လေးထောင့်တံတိုင်း ဖြင့်ကာရံထားပြီး အတော်ကျယ်ဝန်းလှသည်။ ဂူဘုရားအတွင်းတွင် ကျောက်စာသုံးချပ်ရှိ ကာ ဖတ်ရှုလေ့လာနိုင်ကြောင်း၊ အမိုးမျက်နှာကျက်များနှင့် ဂူဘုရားကြီးနံရံတို့တွင် သစ်ပင်ပုံနံရံပန်းချီများနှင့် အဝိုင်းကွက်များအတွင်း ထိုင်တော်မူ ဗုဒ္ဓပုံနံရံပန်းချီးများအကောင်း အတိုင်း လေ့လာနိုင်သည်။
စောလှဝန်းဂူဘုရား၏ မြောက်ဘက်တွင် နရသီဟပတေ့ဘုရား၊ မင်းနန်သူဘုရား သုံးဆူ၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ အနောက်ဘက်တွင် ဆင်ဖူးရှင်အုတ်ကျောင်း တိုက်၊ ပြဿဒ်ကြီးဘုရား၊ စူဠာမဏိဘုရားနှင့် ဓမ္မရံကြီးဘုရားတို့ကို တဆက်တစပ်တည်း လေ့လာဖူးမြှော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း