ကျိုက်မရော အောက်တိုဘာ ၂၃
ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာလာရောက်ထုတ်ယူ သူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီခန့်မှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပင်စင်လစာများ ထုတ်ယူကြမည့် အငြိမ်းစားဝန်ထမ်းများ အနေဖြင့်ထုတ်ယူရမည့် ပင်စင် အမျိုးအစားအလိုက် သတ်မှတ်ရက်များဖြစ်သည့်အောက်တိုဘာ၂၁ရက်မှစ၍ ဘဏ်ဖွင့်ချိန် အတွင်းလာ ရောက်ထုတ်ယူနိုင်ကြပြီးပင် စင်လာရောက်ထုတ်ယူသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်ပါးစပ်ပိတ် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ တစ်ဦးနှင့်တစ်ဦး ၃ပေအကွာနေခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးဘေစင်၌ လက်ဆေးခြင်း၊ ဘဏ် ဝန်ထမ်းများမှ အပူချိန်တိုင်းစက်များဖြင့် အပူချိန်တိုင်းပေးပြီးမှသာ ဝင်ရောက်ထုတ်ယူပေးကြပါရန် နှင့် ကျန်းမာရေးအခက်အခဲကြောင့် မဖြစ်မနေ လာရောက်ထုတ်ယူပါက နှစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း mask များ တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန် နှိုးဆော်စာများဖြင့် ကပ်ထားကြေငြာထားကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာထုတ်ယူကြမည့် အငြိမ်းစား ဦးရေမှာ ခုနှစ်ရာ ကျော်ရှိသဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင် (၁၅)ဦး နှုန်းဖြင့် တစ်ရက်ပျှမ်းမျှ (၁၂၅) ဦးခန့်သာ ထုတ်ပေးကြောင်း မြန်မာစီးပွားရေးဘဏ်ခွဲ တာဝန်ခံမန်နေဂျာ ထံမှ သိရသည်။
ချိုချို (ပြန်/ ဆက်)