အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျိုင်းလပ် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲက ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့၌ ကျရောက်မည့် (၁၀၃) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်များကို ပြသခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)