ဘူးသီးတောင် နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက စာဖတ်ခြင်းအတတ် ပညာခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း ပြောကြားပြီး အ.လ.က (ခွဲ) မြို့သစ်ကျောင်းမှ ဆရာမ ဒေါ်မြတ်ပန်းဝေမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် စာဖတ်ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး လူငယ်တို့၏ အနာဂတ်ဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ လက်ရှိ အောင်မြင်နေသူများမှာ စာဖတ်ကြသူများဖြစ်ပါကြောင်း၊ အောင်မြင်လိုပါက အချိန်ကိုစီမံခန့်ခွဲတတ်သူ ဖြစ်ရန်လိုပြီး အနာဂတ်အတွက် ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်းပြောကြားပြီး အ.လ.က (ခွဲ) မြို့သစ်ကျောင်းမှ ဆရာမ ဒေါ်ခင်သန်းအေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂါတ် လူငယ်များဖြစ်သည့်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းပြီး ရိုးသားကြိုးစား တရားမျှတမှုရှိကာ မေတ္တာတရားဖြင့် ညှာတာထောက်ထားတတ်သူများဖြစ်ရန် လိုအပ်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရမည် ဖြစ်ပြီး၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးဟောပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)