မိုင်းယောင်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.လ.က (တပ်တွင်း) ကျောင်း၌ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် နှစ်ခုဆက်၍ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၅၀ ဒသမ ၀၆၄ သန်းဖြင့် Shan Queen ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ RCC နှစ်ထပ်စာသင်ဆောင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မိုင်းယောင်း-မိုင်းဖြတ် လမ်းမကြီးရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၁၀၁ ဒသမ ၄၉ သန်းဖြင့် မျက်ကွယ်ကုန်း (၆)ခု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ မုန်းလိုက်အုပ်စု၊ ဖတ္ထူကျေးရွာတွင် ဦးလီတိုမှ ဓါတ်သတ္တုလိုင်စင်လျှောက်ထားသည့် နေရာနှင့် ဦးအောင်မြတ်မှ ကျောက်ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားသည့် နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)