လွိုင်လင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ မဟာထူပါရုံတောရ ကျောင်းတိုက်၊ အောင်တော်မူတောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ရွှေထီးတော်ပင့်ဆောင် ပူဇော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုင်းပွန်မြို့မှ လွိုင်လင်မြို့သို့ပင့်ဆောင်ခဲ့သည်။
အဆိုပါစေတီတော်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များကို လွိုင်လင်မြို့မှ စေတီတော်ဖြစ်မြောက်ရေးကော်မတီများ၊ ဂေါပကအဖွဲ့များ၊ ဝတ်ရွတ်အသင်းအဖွဲ့များက နံနက် (၇) နာရီတွင် စုရပ်ဖြစ်သည့် လွိုင်လင်မြို့ သာသနာ့ဗိမာန်မှ မိုင်းပွန်မြို့သို့ သွားရောက်ပင့်ဆောင်ကြသည်။ နံနက် (၁၀) နာရီတွင် မိုင်းပွန်မြို့မှ ပင့်ဆောင်ခဲ့ရာ နံနက် (၁၁) နာရီတွင် လွိုင်လင်မြို့ကိုရောက်ရှိပြီး ဆက်လက်၍ ပင်လုံမြို့တွင်းသို့ သတ်မှတ်လမ်းကြောင်းအတိုင်း ပြည်သူအများဖူးမြော်နိုင်ရန် လှည့်လည်အပူဇော်ခံပြီး လွိုင်လင်မြို့တွင်တည်ထားသည့် အဆိုပါစေတီတော်သို့ပင့်ဆောင်ခဲ့သည်။
အနန္တဇိနလောကချမ်းသားစေတီတော်ကြီး၏ ထီးတော်တင်လှူပွဲကို လာမည့်နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဖြစ်မြောက်ရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင်ပြန်/ဆက်