ရမ်းဗြဲ နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောက်ထုတ်လုပ်သူများအသင်းတို့ စုပေါင်း၍ မဟာဘုံကထိန်ပွဲတော် မင်္ဂလာအခမ်းအနား ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဉက္ကဌ ရွာပုလဲဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်၊ ဆက်လက်ပြီး ငွေတောင်သာ ကျောင်းဆရာတော်မှ ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးကျေးဇူးနှင့် ပတ်သက်၍ ပရိတ်တရားတော်များ ဟောကြားတော်မူပြီး ကထိန်သင်္ကန်းနှင့် ပဒေသာပင်များကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့ကို ရေစက်ချ အမျှအတမ်းပေးဝေကာ သံဃတော်များအား ဆွမ်းဘောစဉ် အာဟာရများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)