လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

လွိုင်လင် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်တွင် (၁၆)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါ ကျောင်းတိုက် စိန်ရတနာကျောင်းဆောင်တွင် ကျင်းပပါသည်။

အခမ်းအနားသို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်း‌အောင်နှင့်ဇနီး၊  နယ်မြေခံတပ်ရင်းများမှ အရာရှိများ၊ ခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ဇနီးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာတော်၏ တပည့်ဒါယကာ ဒါယိကာမများ တက်ရောက်ကြသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးနောက် ရတနာမြတ်သုံးပါးကို ကန်တော့ပြီး ဓာတ်တော်ကျောင်း အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော် ရွတ်ပွားပေးကြသည်။ ထို့နောက် ကထိန်သင်္ကန်းဆက်ကပ်ခြင်းကို တပ်နယ်မှူးနှင့်ဇနီးတို့က ဆက်ကပ်ကြသည်။ ဆက်လက်၍ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော်များအား တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှုါန်းကြသည်။ ထို့နောက် ကထိန်သင်္ကန်း ဆက်ကပ်ရခြင်းနှင့်ပတ်သက်၍ ရတနာစည်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တ ဝိဇယာနန္ဒက အနုမောဒနာ‌တရားနှင့် ရေစက်သွန်းချအမျှဝေခြင်းကို ဆောင်ရွက်ပါသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ခရိုင်ပြန်/ဆက်