မင်းပြားမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံ ရေးတပ်ခွဲက ကပြသီဆိုဖျော်ဖြေ

မင်းပြား နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား တစ်နေ့တာပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန် တပ်မတော်ကာကွယ်ရေးဦးစီးရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ့မှ စစ်သည်၊ စစ်သမီးများပါဝင်သည့်အဖွဲ့သည် ယမန်နေ့ ညနေ ၇ နာရီက မင်းပြားမြို့၊  အလယ်ပိုင်းရပ်ကွက်၊ ရာမောင်ခန်းမ၌ ကပြသီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။

ဖျော်ဖြေပွဲကို ဗုဒ္ဓပူဇနိယသီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ပြီးနောက် စစ်သည်၊ စစ်သမီးများက တေးသံသာများ၊ မြူးကြွသွက်လက်သည့် ခေတ်ပေါ်တေးသီချင်းများ၊ Dancer အကအလှများ၊ တေးသရုပ်ဖော်များ၊ နှစ်ပါးသွားများ၊ ရယ်မောပျော်ရွှင်ဖွယ် ဟာသပြဇာတ်တိုများ စသည့် စိတ်ဝင်စားဖွယ် ကဏ္ဍစုံစွာဖြင့် ကပြဖျော်ဖြေတင်ဆက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ပျော်ရွှင်စွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သိန်းနုအောင်