နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) ၌ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ပင်လုံ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) ၌ မျက်စိနာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပင်လုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် မျက်စိနာရောဂါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းအကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ လွိုင်လင်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဆရာဝန် (တီဘီ/အနာကြီး) ဒေါက်တာသက်ပိုင်ဦးမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ မျက်မှေးရောင်ရောဂါ (မျက်စိနာရောဂါ) အကြောင်း၊ ဆယ်ကျော်သက်အရွယ် ကျန်းမာရေး​ဗဟုသုတများနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးသိန်းထွန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပင်လုံမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ ပင်လုံနယ်မြေ မီးသတ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံမှ ဒေါက်တာသက်ပိုင်ဦးနှင့် ပင်လုံမြို့မိခင်နှင့်ကလေးမှ ကျန်းမာရေးဝန်ထမ်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံဖြိုးရေးသင်တန်းကျောင်း (ပင်လုံ) မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)