ရခိုင်ပြည်နယ် မောင်တောမြို့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

မောင်တော နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးနိန်ကီးက အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောရာတွင်  မြန်မာပြည်သူတစ်ရပ်လုံးတို့သည် လွတ်လပ်ရေး ရရှိရေးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဝီရိယ၊ ညီညွတ်မှု၊ မျိုးချစ်စိတ်တို့ကြောင့် လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံတွင် နေ့ထူး၊ နေ့မြတ်တစ်နေ့ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေလိုကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဦးနိန်ကီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)