ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်

ဘူးသီးတောင် နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ် လူငယ်များ၊ အသိပညာဗဟုသုတ မြှင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေလည်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ရေးမှူးဆရာကြီးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို  ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  မူလတန်းနှင့် အလယ်တန်းဆင့်  ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲဝင် ဖြေဆိုသူ(၂၈)ဦးနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ ဝင်သူ(၄၄)ဦး စုစုပေါင်း (၇၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grade 5 မှ Grade9 ထိ  အတန်းလိုက် တစ်တန်းလျှင် တစ်ဦးစီ ရွေးချယ်၍ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှကျော်(ပြန််/ဆက်)