မိုင်းဖြတ်မြို့နယ်၌ (၂၁)ကြိမ်မြောက်  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​​​နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စု​ပေါင်း၍ လစဉ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် ဆက်ကပ်လှူဒါန်းလျက်ရှိရာ ​ယနေ့နံနက်ပိုင်းက (၂၁)ကြိမ်​မြောက် လှူဒါန်းခြင်းကို ယန်းခမ်းဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

​​ရှေးဦးစွာ ယန်းခမ်းဘုန်း​တော်ကြီး​ကျောင်းတိုက် ​ကျောင်းထိုင်ဆရာ​တော် ဦးဓမ္မစာ​ရောထံမှ ပရိသတ်များက ငါးပါးသီလခံယူ ​ဆောက်တည်ခဲ့ကြသည်။

ထို့​နောက် စစ်ဆင်​ရေးကွပ်ကဲ​ရေးမှူး ဗိုလ်မှူးကြီး ​ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များက ဆွမ်းဆန် (၂၄)ပြည်ပါ ၇အိတ်၊ စားဆီ ၁၃ပိသာ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္ထု​ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ​ရေစက်သွန်းချ အမျှ​ပေး​ဝေခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများ၌ သီတင်းသုံး​တော်မူ​သော သံဃာ​တော်အရှင်သူမြတ်များ ဆွမ်းအခက်အခဲ မရှိ​စေ​ရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျဘုန်း​တော်ကြီး ကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

​​​​​မြို့နယ်(ပြန်/ဆက်)