ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ စု​ပေါင်းမဟာဘုံကထိန်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

ပင်းတယ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ (ပင်းတယ)တွင် စုပေါင်းမဟာဘုံကထိန်အလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့သည် ဗုဒ္ဓသာသနာ​​တော်ထွန်းကားရာ ​ဒေသဖြစ်သည်နှင့်အညီ ​မြန်မာလူမျိုး၏ နေ့ထူး​နေ့မြတ် အခါကြီးရက်ကြီးများ၌ အလှူအဒါန်းများကို ​စေတနာစိတ်အားထက်သန်စွာဖြင့် လှူဒါန်းလျက်ရှိရာ ကထိန်ရာသီအချိန်အခါ၌ ဌာနဆိုင်ရာ စု​ပေါင်းမဟာဘုံကထိန်များ၊ ရပ်ကွက်/​ကျေးရွာ စု​ပေါင်းမဟာဘုံကထိန်များ၊ အခြေခံပညာကျောင်းများမှ စုပေါင်းမဟာဘုံကထိန်အလှူများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။ ထို့နောက် သက်ဆိုင်ရာဘုန်း​တော်ကြီး​ကျောင်းများ၌ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကို ဆရာ​တော်သံဃာ​တော်များအား ဆက်ကပ်လှူဒါန်းကြပြီး အနု​မောဒနာတရား​တော်မြတ်များနာယူခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ​ရေစက်သွန်းချအမျှ​​ဝေခြင်း အစရှိသည်တို့ကို ​ဒေသခံများစု​ပေါင်း၍ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)