ကွန်ဟိန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အောင်ရတနာသုခဘုန်တော်ကြီးကျောင်းဝင်းတွင် ဓမ္မာရုံတည်ဆောက်နိုင်ရေးအတွက် အလှူငွေ မတည်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်ရပ်ကွက်ပြည်သူများတို့က နမောသဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးအဂ္ဂသေနထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခြင်း၊ ဆရာတော်မှ ချီးမြှင့်တော်မူသော တရားတော်များကို နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်ရတနာသုခဘုန်တော်ကြီးကျောင်း ဓမ္မာရုံတည်ဆောက်ရန်အတွက် အမှတ်(၅)ရပ်ကွက်မှ ဦးခင်မောင်လတ်+ဒေါ်နန်းမြဦး မိသားစုမှ မတည်ငွေ ကျပ်(၁၀၀)သိန်းနှင့် အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်း ကျပ်(၇၃၅)သိန်းကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)