မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ဆေးကုသပေး

မာန်အောင် နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက စမုံတဲကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အ.မ.က မူလွန်ကျောင်း၌ အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့) ဆေးကုသပေးခဲ့သည်။

ထိုသို့ ဆေးကုသရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးအကြောင်းအရာနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပြီး ကျေးလက်နေပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ ဆီးချို၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံနာ၊ ကျဥ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစားနေရသူ ကျေးလက်နေပြည်သူ( ၅၀ )ဦးအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်းဖြင့်(အခမဲ့) ဆေးကုသပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)