ကျောက်တလုံးကြီး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac (Booster dose)ကို နိုဝင်ဘာ ၁၁ရက်နေ့ နံနက် ၁၀ နာရီက ဆောင်းဖိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ထိုးနှံပေးသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကျောက်တလုံးကြီးမြို့ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက နောင်ကားကျေးရွာအုပ်စုတွင် နေထိုင်ကြသော ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac (Booster dose) ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စေရေး အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင် ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac(Booster dose)ကို ကက္ကူကျေးရွာအုပ်စုနှင့် နောင်ခဲကျေးရွာအုပ်စုနေ ပြည်သူ(၉၅)ဦးအား ထိုးနှံပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီးမြို့အတွင်းရှိ ကျေးရွာအုပ်စုအသီးသီးတွင် နေထိုင်ကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac(Booster dose)ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း