လှိုင်သာယာ၌ ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပမည်

လှိုင်သာယာ  ဖေဖော်ဝါရီ  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ဆွေးနွေး တိုင်ပင်တတ်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီ(၂၇) ရက်နေ့ နေ့လယ် (၁)နာရီ တွင် ‘‘လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပသွားမည် ဖြစ်သည်။

လှိုင်သာယာမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ လူငယ်ထုအတွင်း အန္တရာယ်ကျရောက်နိုင်မှုများ၊ မူးယစ်ဆေးဝါးကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေများ၊ မိသားစုနှင့် စီးပွားဥစ္စာများ ပျက်စီးဆုံးရှုံးနိုင်မှုများအား အသိပညာပေး ဆွေးနွေးသွားမည် ဖြစ်သည်။

သို့ပါ၍ မြို့နယ်အတွင်းရှိ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်မေးမြန်း ဆွေးနွေးနိုင်ကြောင်းသိရသည်။

မောင်မောင်တာ (ပြန်/ဆက်)