ဟိုပုံး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဟိုပုံးတပ်နယ် ကွပ်ကဲမှုအောက်ရှိ ကျောင်း၊ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ၊ သင်တန်းသားများနှင့် ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ စိတ်အပန်းဖြေနိုင်စေရေးအတွက် ယမန်နေ့ည ၇ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် အမှတ် (၂) နယ်လှည့်ဆက်ဆံရေးတပ်ခွဲမှ လာရောက်ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ အမှတ် (၂) နယ်လှည့်ဆက်ဆံရေးတပ်ခွဲမှ ဖျော်ဖြေရာတွင် အဆို၊ အက အလှများ၊ တစ်ခန်းရပ်ပြဇာတ်၊ အငြိမ့်သဘင်၊ Dancer အကများဖြင့်ဖျော်ဖြေခဲ့ကြောင်း သိရသည်။ အဆိုပါဖျော်ဖြေနေမှုများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်ဇနီး ဒေါ်မြတ်ခင်မော်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိကျောင်း၊ တပ်ရင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များ၊ သင်တန်းသားများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့လာရောက်ဖျော်ဖြေပေးခဲ့သော အမှတ် (၂) နယ်လှည့်ဆက်ဆံရေးတပ်ခွဲအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင် ဇနီး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျေင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ အရာရှိကြီးများ နှင့်သင်တန်းသားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)