တန့်ယန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအဖွဲ့တို့မှ နိုဝင်ဘာလ ၁၁ ရက်နေ့က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာတွင် အမှတ်(၂)ရပ်ကွက် ဦးတင်ဝင်း + ဒေါ်ဝေဝေမြင့်နှင့် သားသမီး မိသားစုများတို့မှ “ဝ” စာပေနှင့် ယဉ်ကျေးမှုခန်းမ၊ မိုးလုံလေလုံ အားကစားရုံ၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီစခန်းများ၌ ထမင်း (၅၀၀)ဗူးနှင့် ရေသန့် ၂၁ ကပ်၊ အချိုရည် ၂၁ ကပ်၊ တစ်ရှူး တို့အားလည်းကောင်း၊ အမှတ်(၆)ရပ်ကွက်မှ ထမင်းဗူး(၄၀၀)ဗူး ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)