ကျောက်တန်း နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ကျုံကန်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် ကျောက်တန်းမြို့နယ် သမဝါယမအသင်းစုမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ရယူဆောင်ရွက်နေသည့် ကျုံကန်ကျေးရွာ ရွှေကံကော်စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ဦးစိုးမောင်၏လယ်ဧက (၁၀)ဧကကို ၁၀-၁၁-၂၀၂၃ ရက်နေ့ က မိုးစပါးများစတင်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း(၈၀)တင်းထွက်ရှိကြောင်း သိရှိရသည်။
အဆိုပါမိုးစပါးစတင်ရိတ်သိမ်းနေမှုအား ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးသန်းစိုးနှင့်အဖွဲ့ ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
သန့် ဇင်ထွန်း