မိုင်းယောင်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့ပေါ် ရပ်ကွက်နှင့် တပ်ရင်း တပ်ဖွဲ့များရှိ အသက် ကိုးနှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးများအား အိတ်ချ်ပီဗီ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့တွင် ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးရာတွင် အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မြို့နယ်အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းနွဲ့ ကြီးကြပ်ပြီး ရပ်ကွက်ကျန်းမာရေး ဆရာနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၅) ရပ်၊ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၈)၊ အမှတ်(၉)ရပ်ကွက်နှင့် နယ်မြေခံတပ်ရင်း သုံးရင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ် အရွယ် မိန်းကလေးငယ် ၄၆ ဦးကို သားအိမ်ခေါင်း ကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးများ ထိုးနှံခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း