အမ်း နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ ဦးဇော်မျိုးထက်တို့ ပူးပေါင်းဆောင်ရွက်ထားသော လယ် ၁၀ ဧကတွင် စိုက်ပျိုးသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်က အမ်းမြို့နယ်အတွင်း မိုးစပါး၊ နွေစပါး ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တောင်သူများအတွက် အကျိုးရှိနိုင်မည့် စံပြလယ်ယာစနစ်များ ဖော်ဆောင်ပေးနိုင်ရေးတို့ကို ဆွေနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဇော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဆင်းသွယ်လတ်စပါး ကောင်းအဆင့် စံကွက် ၁ ဧက ပျမ်းမျှ အခြောက်အထွက် နှုန်းမှာ (၈၀)တင်းနှန်းထွက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးစပါးစိုက်ပျိုးရန် နည်းပညာမျို့စေ့များကိုရယူ၍ စိုက်ပျိုးခဲ့ရာအောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုနှစ်တွင် ဒေသတွင်း ဆန်ဖူလုံရေးနှင့်တဖက်တလမ်းမှ မိသားစုဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)