အလုံမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများရှိ ကိုရင်များအား ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်

အလုံ နိုဝင်ဘာလ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် စာသင်နေသော ကိုရင်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၁း၃၀ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အသက်()နှစ်မှ (၁၅)နှစ်အရွယ် ကိုရင်များအား ဒုတိယအကြိမ် ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်၊ ဆုံဆို့ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကွင်းကျောင်းစာသင်တိုက်မှ ကိုရင်(၅၃)ပါး၊ သဒ္ဒမဝံသာရုံ ပရိယတ္တိစာသင်တိုက်မှ ကိုရင် (၂၀)ပါး၊ အောင်မင်္ဂလာပါဠိတက္ကသိုလ် စာသင်တိုက်မှ ကိုရင်()ပါး၊ ဇောတနာရာမ စာသင်တိုက်မှ ကိုရင်()ပါး စုစုပေါင်းကိုရင် (၈၆)ပါးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

သူဇာနှင်း (ပြန်/ဆက်)