ပုသိမ်ကြီး နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ယနေ့နံနက် ၉နာရီ ၅၈မိနစ် အချိန်က အဆိုပါကျေးရွာနေ ဦးဝင်းထိုက် ပိုင်ဆိုင်သည့် နှစ်ထပ်သွပ်မိုး၊ ထရံကာအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ လူနေအိမ်အပေါ်ထပ်ရှိ သစ်သားဖြင့်ပြုလုပ်ထားသည့် ဘုရားစင်ပေါ်၌ ဆီမီးဖယောင်းတိုင် ပူဇော်ထားရှိရာမှ ဘေးရှိထရံအား မီးကူးစက်ကာ (၂၀ပေ၂၅ပေ) သွပ်မိုး၊ ထရံကာလူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့် အိမ်နှင့်အတွင်းပစ္စည်း စုစုပေါင်း ကျပ်ဆယ်သိန်းခန့်ဆုံးရှုံးကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုအား နံနက် ၁၀ နာရီတွင် သတင်းရရှိ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဥ် ၂စီး၊ မီးသတ်ရေသယ်ယာဥ် ၃စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၀နာရီ ၈မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၁၀နာရီ ၁၂မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)