ဘူးသီးတောင် နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့ နံနက် ၁၀ နာရီ အချိန်က ရွာမကျေးရွာ နေပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ် သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ်၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ် စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ ရွာမကျေးရွာ နေ ပြည်သူများထံသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ် နှုန်းဖြင့်ဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချ ပေးခဲ့ကြသည်။
ထိုသို့ ဘူးသီးတောင်မြို့နယ်အတွင်း စားသုံးဆီ ရောင်းချမှု အား နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သတ်မှတ် ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)